အိုင်စတိုင်း၏ လက်ရွေးစင် စကားစုများ

၁) ဥာဏ်ပညာထက်မြက်ပြီး ဆင်ခြင်တုံတရားမရှိသူတစ်ယောက်ဟာ အရာရာကို ကြီးမားလာအောင် ၊ ရှုပ်ထွေးလာအောင် ၊ ဝရုန်းသုန်းကား ဖြစ်လာအောင် လုပ်နိုင်လိမ့်မယ်။ အဲဒါနဲ့ ဆန့်ကျင်ဖက်လမ်းကို လျှောက်လှမ်းနိုင်ဖို့ဆိုတာကတော့ အင်မတန် သတ္တိကောင်းတဲ့ ပါရမီရှင်တို့ရဲ့ အရာသာ ဖြစ်တယ်။   ၂) စိတ်ကူးဥာဏ်ကွန့်မြူးနိုင်စွမ်းဟာ ဗဟုသုတထက် ပိုအရေးပါတယ်။   ၃) ကမ္ဘာ့ဆွဲရှိန်ဟာ ချစ်ခြင်းတရားထဲ ပျော်ဝင်နေတဲ့ လူတွေအပေါ် မသက်ရောက်နိုင်ဘူး။   ၄) ကျွန်တော် ဘုရားသခင်ရဲ့ အတွေးကိုသိချင်တယ်။ ကျန်တဲ့အရာတွေကကျတော့ အသေးစိတ် သိမှဖြစ်မယ့်အရာတွေ ဖြစ်နေတယ်။   ၅) ကမ္ဘာပေါ်မှာ နားလည်ရအခက်ဆုံးအရာကတော့ ဝင်ငွေခွန်ပါပဲ။   ၆) အရှိတရားဆိုတာ မာယာတွေပဲဖြစ်တယ်။ ဒါပေမယ့် အင်မတန်မှ မြဲခိုင်လှတယ်။   ၇) တကယ့်အဖိုးအတန်ဆုံးသောအရာဟာ … Continue reading အိုင်စတိုင်း၏ လက်ရွေးစင် စကားစုများ

Advertisements

(တန္တရ ဝါဒ အကြောင်း)

အခန်း (၁) မြားကို ပစ်လွှတ်လိုက်ပြီ +++++++++++++   ကမ္ဘာမြေပေါ် လျှောက်လှမ်းခဲ့ကြသူတွေထဲမှာ ဂေါတမဗုဒ္ဓဟာ အကြီးမြတ်ဆုံး ပုဂ္ဂိုလ် ဖြစ်တယ်။ ခရစ်တော်ဟာလည်း ကြီးမြတ်သူဖြစ်တယ်။ ခရစ်ရှနားဟာလည်း ကြီးမြတ်သူဖြစ်တယ်။ မဟာဝီရနဲ့ တမန်တော် မိုဟာမက် တို့ဟာလည်း ကြီးမြတ်သူ တွေဖြစ်ကြတယ်။ ဒါပေမယ့် အားလုံးထဲမှာမှ ဗုဒ္ဓဟာ အကြီးမြတ်ဆုံးသော ပုဂ္ဂိုလ်ဖြစ်တယ်။ ဗုဒ္ဓရခဲ့တဲ့ ဥာဏ်အလင်းဟာ အခြား သူတွေထက် ပိုပြီးကြီးမြတ်တာကြောင့်မဟုတ်ပါဘူး။ ဥာဏ်အလင်းမှာ ပိုကြီးတာတွေ ပိုသေးတာတွေ မရှိပါဘူး။ အခြားသူတွေ ဖြစ်တဲ့ မဟာဝီရ ၊ ယေရှုခရစ် ၊ လောက်ဇူ နဲ့ ဇာရာသုစတြ တို့ရခဲ့တဲ့ ဥာဏ်အလင်းနဲ့ တူညီတဲ့ဥာဏ်အလင်းကိုပဲ ဗုဒ္ဓ ရခဲ့တာပါ။ ဥာဏ်အလင်းပွင့်မှု တစ်ခုဟာ အခြားဥာဏ်အလင်းပွင့်မှု တစ်ခုထက် ပိုမြင့်မြတ်သလားဆိုတာ … Continue reading (တန္တရ ဝါဒ အကြောင်း)

အိုရှိုးထံမှ ပေးစာများ

ဘဂဝမ် ရှရှီ ရာဂျစ်ရှနိစ် ထံမှ မအာနန္ဒာ ပရာတီမာ ထံသို့ ပေးစာ အမှတ် (၁) ++++++++++++++++++   ဝယ်ယူစရာ ပစ္စည်းအသုံးအဆောင်တွေနဲ့ ပြည့်နှက်နေတဲ့ လူ့အဖွဲ့အစည်းဟာ ဟောင်းလောင်းပေါက်ဖြစ်နေတဲ့ လူသားတွေကို မွေးထုတ်နေတယ်။ အတွင်းမှာဗလာဟောင်းလောင်းဖြစ်နေတဲ့ လူသေတွေကို မွေးထုတ်နေတယ်။ ဒီဗလာ ဟင်းလင်းကြောင့်ပဲ လူတွေဟာ သူတို့ တကယ် မမွေးဖွားရသေးခင် သေဆုံးနေကြတယ်။ လူတွေဟာ ဈေးဆိုင်တွေ သက်သက်နဲ့ပဲ ရှင်သန်နေလို့ မရဘူး။ ယနေ့အချိန်အခါမှာတော့ ဈေးဆိုင်တွေဟာ မမြင်ချင်မှအဆုံး ပြည့်လျှံနေပြီ။ အတွင်းမှာ တိုးတက်မှုမရှိရင် ပြင်ပက တိုးတက်မှုတွေဟာ အချည်းနှီးပဲ။ ပြီးတော့ .. ပြင်ပကကြွယ်ဝမှုဟာ အတွင်းမှာ ဆင်းရဲမွဲတေမှုကို ဖြစ်စေတယ်။ အတွင်းပိုင်းမှာ တိုးတက်မှု မရှိတာကြောင့် လူတွေဟာ ဟောင်းလောင်းပေါက် ဖြစ်နေကြတယ်။ … Continue reading အိုရှိုးထံမှ ပေးစာများ

တာအိုတိချင်း

Chapter 1 :   ရှင်းပြလို့ရတဲ့ တာအို ဟာ အဆုံးစွန်ဆုံးသော တာအို မဟုတ်။ ပြောပြလို့ရတဲ့ အမည်နာမဟာ အဆုံးစွန်ဆုံးသော အမည်နာမ မဟုတ်။   အမည်မဲ့ခြင်းဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ အတွင်းမှာ တည်ရှိတယ်။ အမည်ပေးထားတဲ့ အရာတွေဟာ ဖန်တီးမှုတွေသာဖြစ်တယ်။   အလိုဆန္ဒတွေ ကင်းစင်ရင် ဖုံးကွယ်ထားတဲ့ နက်နဲမှုတွေကို မြင်နိုင်တယ်။ အလိုဆန္ဒနဲ့ ဆိုရင်တော့ ထင်သာတဲ့အရာတွေသာ မြင်နိုင်မယ်။   ဒါပေမယ့်လည်း နက်နဲတဲ့အရာနဲ့ ထင်သာတဲ့အရာ နှစ်ခုစလုံးဟာ ရင်းမြစ်တစ်ခုထဲကသာ ပေါ်ထွက်လာတယ်။ အဲဒီရင်းမြစ်ကို အမှောင်ထု လို့ခေါ်တယ်။ အမှောင်ဟာ အမှောင်ထုကနေမွေးဖွားလာတယ်။ ဒါကိုနားလည်ခြင်းဟာ နားလည်မှု အားလုံးရဲ့ အစပျိုးရာဖြစ်တယ်။   Tao Te Ching Lao … Continue reading တာအိုတိချင်း